
လမ်းကြုံလို့ လာဖတ်သူတိုင်း မင်ဂလာပါ =D
မအိပ်ခင် လူသည် မနေ့ကထက် ဒီနေ့ ဦးနှောက်အလေးချိန် ပိုစီးသင့်သည်လို့ တစ်နေရာမှာ ဖတ်ခဲ့ဖူးလေတော့ စာအုပ်တစ်အုပ် အနည်းဆုံးတစ်ကြောင်းလောက် မအိပ်ခင်ဖတ်ဖြစ်သွားဖို့ သို့ကလို ကုတင်ပေါ်တင်ထားလိုက်လေရဲ့... ဒါကတော့ ကျနော်အိပ်စက်အနားယူရာ ကုတင် အထက်ပိုင်းမြင်ကွင်းဖြစ်လေရဲ့ ကင်မရာစမ်းရင်း မှန်ဘီလူးထုတ်သုတ်ရင်း ရိုက်ဖြစ်လို့တင်လိုက်ပါသည်... နှစ်စ ရေးတဲ့စာတစ်ပုဒ်နဲ့ ဒီတစ်ခုကြား မထင်မှတ်ပဲ ၂ ကျော်ကြာသွားတယ်...
ဒါနဲ့ ပုံထဲပါတာလေး တွေ ရီဗျူးလုပ်ရင်း စာရှည်အောင် ဆက်ရရင် ကုတင်ပေါ်က စာအုပ်က ဝင်းငြိမ်းနှင့်စာရေးဆရာများ ဆိုတဲ့ စာအုပ်ပါ ပေဖူးလွှာ magazine မှာတုန်းက စာရေးဆရာတွေကို အင်တာဗျူးပြီးတင်ခဲ့တာကို ပြန်စုထားတဲ့ စာအုပ်ပါ... ဖတ်ကောင်းလားဆိုတော့ ကောင်းပါတယ် ဥပမာ စာရေးဆရာငြိမ်းကျော်ဆို သူ့စာတွေ တစ်ပုဒ်မှ မဖတ်ဖူးပေမယ့် သူ့အဖြေကိုဖတ်ရင်း သူ့စာတွေဖတ်ချင်လာသလို အတွေးအခေါ်တစ်ချို့ကို ချီးကျူးလေးစား အားကျမိပါရဲ့။
နားကြပ်က beats by dr dre red edition ပါ အသံကောင်းတယ် ယူဆမိပေမယ့် နားနာလို့ ဈေးကြီးပြီး ဝယ်ပြီး တစ်ခါတစ်ခါ မတန်ဘူး ခံစားမိလေတော့ ဝယ်ဖို့စိတ်ကူးနေသူများကို မတိုက်တွန်းလိုပါဘူး... တကယ်ပါ။ အသက်ကြီးလို့ ပိုနှမျောတတ်လာတာလား တော့ မသိပါဘူးခင်ဗျ။
ခေါင်းဦးနဲ့ကွယ်နေတဲ့ နာရီက G shock ပါ ဒါလည်း ဝယ်ဖြစ်ရတဲ့ အကြောင်းအရင်း ရှိပါတယ် ကျနော် ၈ တန်းတုန်းက အတန်းထဲက သူငယ်ချင်း တစ်ချို့ Casio G shock ပတ်ရင် သိပ်သဘောကျ အားကျတယ် မိဘကိုလည်း မပူဆာမိဖူးခဲ့ ခုအသက်ကြီးမှ အလုပ်ကလေးလုပ် ကိုယ့်လစာလေး ကိုယ်ရတဲ့ ပထမဦးဆုံးလစာမှာ ငယ်ငယ်ကတည်းက လိုချင်ခဲ့တဲ့ G shock ပြေးဝယ်ဖြစ်တယ်။ ကိုယ့်လိုလူမျိုးနဲ့ မထင်မှတ်ပဲ တိုက်တိုက်ဆိုင်ဆိုင် စိတ်ချင်းတူတဲ့ သူငယ်ချင်းတစ်ယောက်လည်း ရှိတယ်...။ ဒါကြောင့် တွေးမိသေးတယ် မိဘတွေ တစ်ခါတစ်လေ ပိုက်ဆံရှိတော့ သားသမီးတွေကို အတင်းအရုပ်တွေ ဝယ်ပေးတယ်ဆိုတာ ကိုယ်ငယ်ငယ်တုန်းက မဆော့ခဲ့ရတဲ့ စိတ်ကလေးလည်း အနည်းနဲ့အများပါမယ် တချို့ ရုပ်ရှင်မင်းသမီး အတင်းလုပ်ခိုင်းတာ ဆရာဝန်အတင်းလုပ်ခိုင်းတာ မော်ဒယ်လုပ်ခိုင်းတာ ဒီပိုးတွေလည်း မိဘပေါ် ပိုမူတည်မယ်ထင်တယ်...။
ကွန်ပျူတာပြောင်းတိုင်း ဖောင့်နဲ့ ကီးဘုတ် အခြေအနေအရ စာရေးစာရိုက်ဖို့ စိတ်မပါဖြစ်ခဲ့တာကြာပေါ့ မြန်မာစာလည်း မြန်မြန် ဝင်းဒိုးမှာ ပါလာတဲ့ ဖောင့်တစ်ခုဖြစ်လာဖို့ မျှော်လင့်မိပါရဲ့။